User Rating: / 0
PoorBest 

ဒီခေါင်းစဉ်လေးနဲ့ရေးခဲ့တာ ခုဆို အပိုင်းအစများ (၃)ကိုရောက်သွားပါပြီ၊ စာရေးတယ်ဆိုတာ ကလည်း စိတ်တစ်ခုထဲရှိလို့က မဖြစ်၊ တစ်ခါတစ်ရံမှာ စာရေးချင်နေတယ် ဒါပေမယ့် လူကမအားဘူး၊ လူကအားနေတော့ စိတ်ကမပါပြန်၊ နှလုံးသားနဲ့ ကာလ ဒေသ သင့်တော်လျောက်ပတ်ပါမှ စာက သူဟာသူ လွယ်လင့်တကူထွက်လာ၊

တစ်ခါ တစ်ခါကျပြန်တော့ ရေးဘို့အားက မရှိ၊ ပရိသတ်က တုန့် ပြန်သံလေးတွေ ပြန်လိုက်ရှာ၊ အဲဒီက တစ်ဆင့်အားတွေပြန်ဖြစ်၊ ငယ်ငယ်ကတော့ စာရေးဆရာဖြစ်ချင် လွန်းလို့ စာရေးခဲ့တာ၊ ခုကကျတော့ စာရေးဆရာဖြစ်ချင်တာထက် စာရေးချင်တာက ပိုများလာ၊ သိတာ လေးတွေ ကိုယ်တွေးမိတာလေးတွေ သူများတွေကို အသိပေးချင်လို့ အဲဒီလိုနဲ့ စာလေးတွေ ရေးလာ၊ ဘ၀ဟာ နေသားတကျ ဖြစ်လာ၊ တစ်ခါတစ်ရံကျပြန်တော့လည်း စာရေးရတာထက် စာဖတ်ရတာမှာ ပိုပြီး အာရုံရောက်ကျက်စား၊ ဒီလိုနဲ့ ငါဟာ ဘုန်းကြီးရဟန်းတစ်ပါးဖြစ်ပါလား၊ စကားနဲ့ တရားမဟော ရရင်ဖြင့် စာလေးတွေနဲ့ ဟောရတာပဆိုပြီး ခုလိုဆက်ဆက်ပြီး ရေးဖြစ်လာ၊ ကိုယ့်ဘ၀ကိုယ်မပိုင်သေး တဲ့ ကျောင်းသားဘ၀ဆိုတော့လည်း တစ်ခါတစ်လေတော့ လုပ်ချင်တိုင်း အလုပ်ကို မလုပ်နိုင်ပြန်၊ နိုင်ငံရပ်ခြားမှာပါလားဆိုတဲ့အသိက ဦးစီးလာတဲ့ခါ အမိမြေကို မြန်မြန်ပြန်နိုင်အောင် ကြိုးစားရင်း စာလေးတွေကလည်း ကြိုးကြား ကြိုးကြား ဖြစ်သွားရ၊ ပရိသတ်တွေရဲ့ နားလည်မှုကိုလည်း ကျေနပ် အားရရင်း….

သူတော်ကောင်း

အဲဒီစကားကို ဖွင့်ဆိုထားကြသည်၊ ဘယ်လိုပြောမလဲ အဖွင့်လို့ဆိုမလား ရှင်းလင်းချက်လို့ ပြောမလား၊ လက်ခံမှားနေတာကို နည်းနည်းပြောချင်ပါတယ်၊ သူတော်ရင် ကျွန်ုပ်ကောင်းပါမည်တဲ့၊ ဆိုးလိုက်တာ၊ သူတော်ကောင်းဆိုတာကို ဖွင့်ဆိုကြတာ၊ ခေတ်က အတော်ခက်တဲ့ခေတ်နော၊ အဖြူတွေကိုမဲအောင်လုပ်ပြီး အမဲတွေက အဖြူဖြစ်တဲ့ခေတ်၊ အမှန်ကိုလက်ခံမိတာက ပြဿနာ မဟုတ်ပေမယ့် အမှားကို အမှန်လုပ်မိသွားမှဖြင့် တစ်ဘ၀စာမဟုတ်ဘဲ တစ်သံသရာလုံး မှောက်သွား တတ်တယ်၊ သတိထားကြဘို့အလွန်ကောင်းပါတယ်။

သူတော်ကောင်းဆိုတဲ့စကားကို ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ သိထားကြပြီးသား အဓိပ္ပါယ် ရှင်းရှင်းလေးကို ဖျက်ဆီးထားကြတဲ့စကားပါ၊ သူတော်ရင် ကျွနုပ်ကောင်းပါမည်တဲ့၊ သူတော်တော် မတော်တော် ကျွန်ုပ်ကတော့ ကောင်းကိုကောင်းရမည်၊ ကောင်းအောင်လည်း လုပ်ရမည်၊ ကောင်းအောင်လည်း ကြိုးစားရမည်၊ ဒါမှ သူတော်ကောင်းအစစ်ပါ၊ သူတော်ကောင်းဆိုတာက တော်နေရုံနဲ့ပြီးတာမဟုတ်ဘူး၊ ကောင်းလည်း ကောင်းရပါဦးမည်၊ သူကောင်းလျှင် ကျွန်ုပ်မဆိုးပါနဲ့ ဆက်စပ်ပြီး ဖတ်မှတ်ကြပါကုန်။

မုသားမပါ လင်္ကာမချော

ဒီစကားကိုလည်း မြန်မာတွေ အတော်များများ ထည်လဲသုံးတတ်ကြပါတယ်၊ မုသားပါမှ လင်္ကာက ချောမှာလား၊ မုသားမပါဘဲ လင်္ကာချောလို့မရဘူးလား၊ အလိမ်အညာ လင်္ကာတွေနဲ့တော့ အလှမဆင်ကြစေချင်ဘူး၊ မုသားမပါဘဲနဲ့သာ လင်္ကာချောစေချင်ပါတယ်၊ မုသားဆိုတာ လိမ်တာ ညာတာပါပဲ၊ သူတော်ကောင်းတွေဟာ မုသားကိုပယ်ပါတယ်၊ အလိမ်အညာ မာယာများတဲ့ လူ့လောက ကြီးကို အဲဒီအလိမ်အညာတွေကပဲ ဖျက်ဆီးနေတာပါ၊ မလိမ် မညာရင်တော့ အကောင်းဆုံးပါပဲ၊ မုသား မပါဘဲနဲ့ လင်္ကာချောအောင် လုပ်ကြဘို့ပါ။

အမေနဲ့အဖေက သားလေး သမီးလေးတွေကို အန္တရာယ်တွေ့မှာစိုးလို့ သားတို့/သမီးတို့ ရွာပြင်မထွက်နဲ့နော်၊ အပြင်မှာ ကျားကြီးရှိတယ်၊ ကျွဲကြီးက ခက်လိမ့်မယ်၊ သရဲကြီးက ကိုက်လိမ့်မယ်၊ အဲဒါကတော့ တကယ် မရှိသော်လည်း မိဘက သားသမီး အန္တရာယ်တွေ့မှာစိုးလို့ လိမ်ပြောရတဲ့ မုသားစကားပါ၊ တကယ့်မုသား မဟုတ်ပါဘူး၊ စေတနာဟာ အင်မတန် အရေးကြီးပါတယ်၊ သူငယ်ချင်း အချင်းချင်း၊ မိတ်ဆွေအချင်းချင်း တစ်ခါ တစ်ရံ၊ တစ်ခါတစ်လေတော့ အတော်များများမှာ လိမ်ညာ မုသားစကား သုံးတတ်ကြပါတယ်၊ အဲဒီစကားကြောင့် ဒုက္ခရောက်ရပေါင်းတွေလည်း များလှပါပြီ၊ သေချာတာကတော့ အလိမ်အညာ မုသားစကားကို အပြောင်အပျက်ပြောတာပဲဖြစ်ဖြစ်၊ စကားအဖြစ် ပြောပြီး ပြီးရောဆိုပြီး မကောင်းတဲ့ စေတနာ မပါဘဲဖြစ်ဖြစ်၊ ပြောတတ်တဲ့သူကို လူအတော်များများက မယုံကြည်တတ်တော့ကတော့ သဘာဝပါပဲ၊ ဒါကြောင့် မုသားမပါဘဲနဲ့ လင်္ကာချောအောင် ကြိုးစားကြစေချင်တာပါပဲ။

အများညီ ဤ ကျွဲဖတ်

အများညီတိုင်း ဤ-ကိုဖြင့် ကျွဲမဖတ်သင့်ပါဘူး၊ ဤ-ကဤ၊ ကျွဲ-က ကျွဲပါပဲ၊ ကျွဲကို-ဤ ဖတ်ရုံနဲ့ ဤ-ကျွဲ ဖြစ်မလာသလို ကျွဲ-ကို ဤ ဖတ်ရုံနဲ့နဲ့ ကျွဲ-ဟာ ကျွဲ၊ ဤ-က ဤ ပါပဲ၊ အမှားတွေကို အမှန်မလုပ်သင့်သလို အမှန်ကိုလည်း အမှား မဖြစ်စေသင့်ပါ၊ စကားကို အလွဲသုံးစား မလုပ်သင့်သလို စာကိုလည်း အလွဲသုံးစား မရေးသင့်ပါဘူး၊ ဆိုရရင်တော့ အရာရာကို သေချာကျန သုံးသပ်ပြီးသာ လုပ်သင့်ပါတယ်၊ အမှန်နဲ့အမှားဟာ မတူလို့ အမှန်ကို အမှန်လို့ဆုံးဖြတ်ပြီး အမှားကို အမှားလို့ သုံးသပ် ထားကြတာပါ၊ လောကမှာရှိတဲ့ သမုတိသစ္စာတွေဟာ မြင်တဲ့သူအပေါ်မှာ တည်ပြီး မှန်တတ်တာဆို သော်လည်းပဲ တကယ်မှန်လား မှားလားဆိုတာကိုတော့ သေချာသုံးသပ်ဆင်ခြင်ပြီးမှသာ လက်ခံသင့် ကြပါတယ်၊ သူပြောလို့ သူမှန်လို့ ငါမှန်ရတာမဖြစ်စေသင့်ပါဘူး၊ မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့ ကေသမုတ္တိသုတ် (ကာလာမသုတ်)ကို သေချာကျန လေ့လာဖတ်ရှုကြပါဦးဟု တိုက်တွန်းချင်ပါတယ်၊ အင်္ဂုတ္တရနိကာယ်ထဲမှာ ရှာဖတ်ကြပါ။

စိတ်သွားတိုင်း ကိုယ်ပါရလို၏

အင်း စိတ်သွားတိုင်းသာ ကိုယ်ပါရရင်ဖြင့် လူတစ်ယောက်ဟာ အငြိမ်မနေရဘဲနဲ့ ချာလပတ် လည်နေဘို့သာ ရှိပါတော့တယ်၊ စိတ်ဟာ စက္ကန့်အတွင်းမှာကို ဟိုရောက် ဒီရောက် ရောက်တတ်တဲ့ အရာပါ၊ စိတ်သွားတိုင်းကိုယ်မပါအောင် ကြိုးစားကြရမှာပါ၊ ၀ိပဿနာအလုပ်ဆိုတာ စိတ်သွားတိုင်း ကိုယ်မပါအောင် စိတ်ကိုထိမ်းရတဲ့အလုပ်ပါ၊ ကိုယ်ပါစေချင်တဲ့ တရားအပေါ် အာရုံရောက်အောင် အဲဒီ စိတ်ကို သတိနဲ့ထိန်းရတဲ့အလုပ်ပါ၊ စိတ်ဆိုတာက မကောင်းမှုမှာ အများဆုံး ကျက်စားတတ်တဲ့၊ အာရုံ ခံစားတတ်တဲ့အရာပါ၊ အဲဒီမကောင်းမှုတွေကနေ ဝေးအောင် အဲဒီစိတ်ကို ထိန်းသိမ်းပေးရမှာပါ၊ စိတ်သွားတိုင်း ကိုယ်မပါချင်ပါနဲ့၊ စိတ်ကိုနိုင်အောင် မထိန်းနိုင်သေးသမျှကာလပတ်လုံး သစ္စာလေးပါး နဲ့ဝေးနေဦးမှာပါ၊ မဂ် ဖိုလ် နိဗ္ဗာန်ကို လှမ်းနိုင်ဦးမှာ မဟုတ်ပါဘူး၊ စိတ်ကို ဖြူအောင် စင်အောင် ဆေးရမှာပါ၊ အသိညာဏ်နဲ့ယှဉ်ပြီး သတိနဲ့ထိန်းကာ လိုရာရောက်အောင် ကြိုးစားကြရမှာပါ၊ စိတ်ကို ကိုယ်လိုရာကို ရောက်အောင် ထိန်းကျောင်းပို့ရပါမယ်။

ဆင်စီးပြီး မြင်းရံစေချင်တယ်

ဒီစကားတစ်လုံးကို မိဘတွေဟာ မကြာခဏသုံးပြီး သားသမီးတွေအပေါ်ကို ဖိအားပေး တတ်ကြတယ်၊ ဒီခေတ်မှာ ဆင်လည်းမစီးနိုင်တော့သလို မြင်းလည်းမရံကြတော့ပါဘူး၊ စကားလုံးက ရိုးနေသလို အသုံးလည်း မ၀င်တော့သလောက်ဖြစ်နေပါပြီ၊ သားသမီးတွေ လက်ထပ်ထိမ်းများတဲ့ နေရာမှာ သုံးတတ်ကြပြီး အထူးသဖြင့်ကတော့ မိမိတို့နှစ်သက်ကြတဲ့ မျိုးတူတွေထဲက ဒါမှမဟုတ် ငွေကြေးဥစ္စာပြည့်စုံတဲ့ထဲက သားသမီးတွေနဲ့ မိမိတို့သားသမီးတွေကို စပ်ကြဟပ်ကြ ပြုကြပါတယ်၊ ကိုယ့်သားသမီးမှာ သူတို့ကြိုက်နှစ်သက်တဲ့ သူရှိ/မရှိဆိုတာကို အလေးမထားကြဘဲ မိဘတို့ရဲ့မေတ္တာ စေတနာ နောက်ပြီးပြောခဲ့တဲ့ ဆင်စီးမြင်းရံဆိုတဲ့စကားနဲ့ အနိုင်ယူပြီး လိုရာကို ဖြစ်အောင်ပြုလုပ် တတ်ကြတာပါ။

ပိုက်ဆံချမ်းသာတဲ့အမျိုးထဲက ဖြစ်ရင်ပြီးရော၊ အမျိုးမြတ်တယ်ဆိုတဲ့ မိသားစုထဲက ဖြစ်ရင် ပြီးရော၊ အသက်ကြီးတာ ငယ်တာကို ဂရုမပြုကြတော့ဘဲနဲ့ မိမိတို့သားသမီးတွေကို ကိုယ်ဖြစ်စေချင်သ လို ပြုကြပါတယ်၊ ပိုက်ဆံချမ်းသာသူရဲ့သားသမီးပဲဖြစ်ဖြစ်၊ ဆင်းရဲတဲ့သူရဲ့သားသမီးပဲဖြစ်ဖြစ် အကျင့် စာရိတ္တကတော့ ကောင်းတဲ့သူမှ ကောင်းပါတယ်၊ အသက်ကြီးတဲ့သူပဲဖြစ်ဖြစ် အသင်ငယ်သူပဲ ဖြစ်ဖြစ် အကျင့်စာရိတ္တပိုင်းမှာ ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူတွေလည်း ရှိတတ်ကြပါတယ်၊ မိဘတွေ ဟာ အဲဒီကိုယ်ကျင့်ပိုင်းကို မကြည့်ကြတော့ဘဲနဲ့ မိမိတို့စိတ်ဆန္ဒတစ်ခုတည်းကို ဦးစားပေးတဲ့အခါ မိမိတို့သားသမီးတွေမှာ သူတို့ဘ၀တစ်ခုလုံး ဒူးနဲ့မျက်ရည်သုတ်သွားကြရတာတွေ မရေတွက်နိုင် လောက်အောင် ဖြစ်သွားတာတွေအများကြီးပါပဲ။

အဲဒီခါမှာ ဆင်မစီးရဘဲနဲ့ မြင်းကန်ခံရတတ်ပါတယ်၊ စဉ်းစားစရာပါ၊ တွေးတောစရာပါ၊ ဆင်ခြင်စရာပါ၊ ဘယ်လိုပဲဖြစ်ဖြစ် သားသမီးတွေ အရွယ်ရောက်လို့ အိမ်ထောင်ပြုကြတော့မယ်၊ ဘ၀တစ်ခုကို တည်ထောင်ကြရတော့မယ်ဆိုရင် ဦးစွာ သူတို့မှာ ရွေးချယ်ထားမှု ရှိ/မရှိ မေးရပါမယ်၊ မေးပြီးလို့ ရှိနေတယ်ဆိုရင် သင့်မသင့်စုံစမ်းရပါမယ်၊ သင့်ရင်သင့်သလို စီမံပေးရပါမယ်၊ သားသမီးတွေ ကလည်း ကိုယ့်မှာရွေးချယ်ထားသည့် ဘ၀ဖော်ရှိနေရင် ရှိနေကြောင်း မိဘတွေကို ရဲရဲဝံ့ဝံ့ ပြောဆို ဆွေးနွေးရပါမယ်၊ ရှိနေလျက်နဲ့မရှိပါဟု ပြောလိုက်တဲ့ခါ မိဘတွေက ကဲ… ဒါဆိုရင်ဖြင့် ဒို့ရွေးချယ်ထားတာနဲ့ပဲ စီမံလိုက်ကြစို့ဆိုပြီး ခြေလွန်လက်လွန်တွေ ဖြစ်သွားတဲ့အခါ ပြုပြင်လို့မရတဲ့ အမှားတွေ ကျူးလွန်မိတတ်ကြပါတယ်၊ ဘ၀တစ်ခုလုံး မှားသွားတတ်ကြပါတယ်၊ အဲဒီခါ ဆင်စီးလို့ မြင်းရံလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒီလိုမှမဟုတ်ဘဲ ဆင်မစီးရဘဲ မြင်းကန်လည်း ခံရတတ်ပါတယ်၊ စဉ်းစား ကြပါ။

လောကကြီး မကောင်းဘူး

လောကကြီးကတော့ သူ့ဟာသူနေတာပါ၊ လူတွေကတော့ လောကကြီးထဲမှာနေတာပေါ့၊ အဲဒီ လောကကြီးကောင်းမကောင်းကတော့ အဲဒီလောကကြီးထဲမှာနေတဲ့ လူတွေအပေါ်မှာပဲ တည်တာပေါ့၊ အိမ်ကောင်းချင်မှကောင်းမယ်၊ အဲဒီအိမ်က တဲကုပ်လေးဖြစ်ချင်ဖြစ်မယ်၊ တိုက်အိမ်ကြီး ဖြစ်ချင်ဖြစ်မယ်၊ ပျင်ထောင် သွပ်မိုးလည်း ဖြစ်ချင်ဖြစ်မယ်၊ အိမ်ကြီးက ဘယ်လောက်ကောင်းကောင်း၊ အိမ်လေးက ဘယ်လောက်စုတ်စုတ်၊ အဲဒီအိမ်သာသာယာယာ ဖြစ်ဘို့၊ အဲဒီအိမ်လေး ကျက်သရေရှိဘို့၊ အဲဒီအိမ် လေး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံဘို့ကတော့ အဲဒီ အိမ်ကြီး/အိမ်လေးထဲမှာ နေကြတဲ့လူတွေပေါ်မှာပဲ တည်တယ်လေ၊ အိမ်ကြီးဘယ်လောက်ကောင်းကောင်း ဘယ်လောက်ခန့်ငြားခန့်ငြား အဲဒီအိမ်ထဲမှာ နေတဲ့သူတွေက လူယုတ်မာတွေဖြစ်ကြတယ်၊ လူမိုက်တွေဖြစ်ကြမယ်ဆိုရင်ဖြင့် အဲဒီအိမ်ကြီး မကောင်းတဲ့အိမ်ကြီးပါပဲ။

အိမ်လေးက စုတ်ပေမယ့် တဲကုပ်လေးဖြစ်ပေမယ့် အိမ်ထဲမှာ နေကြတဲ့သူတွေက သူတော်ကောင်းတွေ စိတ်ကောင်းရှိသူတွေ သူတို့လုပ်တဲ့အလုပ်တွေက အပြစ်ကင်းတဲ့ သူတစ်ပါးကို မထိခိုက်ကြတဲ့အလုပ်တွေ  ဖြစ်မယ်ဆိုရင်ဖြင့် အဲဒီအိမ်လေးက အိမ်ကောင်းလေး၊ ကျက်သရေ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံတဲ့အိမ်လေးပေါ့။

အေးပေါ့…ခုလည်း ဒီလိုပါပဲ၊ ဒီလောကကြီးကောင်းဘို့ ဒီလောကကြီး မဆိုးဘို့ဆိုရင်ဖြင့် ဒီလောကကြီးထဲမှာ နေကြတဲ့ ဒို့တွေ ကောင်းဘို့ လိမ်မာဘို၊ မလိမ်ညာဘို့၊ သီလရှိဘို့၊ ကိုယ်ကျင့် တရားတွေကောင်းဘို့ အရေးကြီးတာပေါ့။ လောကကြီးက သူ့ဟာသူနေတာပါ၊ လူတွေကတော့ အဲဒီလောကကြီးထဲမှာ နေကြတယ်လေ…

07. 02. 2010

 

ရေးသားမှုများ
ရေးရန်
+/-
ရေးသားမှုများ
အမည်:
အီးမေးလ်:
 
ဆိုဒ်အမည်:
ခေါင်းစဉ်:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
ရုပ်ပုံလေးထဲက မြင်ရတဲ့စာလုံးလေးတွေကို ထည့်ပေးပါ။
fdfd  - fdf     |58.144.17.xxx |2010-02-21 19:05:35
It is at this desperate time that you needwow power leveling to find

an outlet for your work or the work of those you represent. Desperate times always

wow power leveling call for desperate measures and even

though you might have a natural aversion to all things technological,

world of warcraft goldplunging into the virtual world of

online networking may be your only chance for survival.gold in

wow
Let yourself be propelled by the notion that someone out there is searching for this exceptional

artwork and the extraordinary talent that you are bringing forward.[url=http://www.ygscn.net/BuyGold.php?

gid=1]wow gold eu[/url] You just needed to reach them. You need to find them.You are not guaranteed a smooth

transition and you will probably be riddled by doubt: How can I make the time for such things?

wow gold cheapWho's going to care about it? The answers will

not present themselves right away, but you should resolve to set a few goals to help yourself stay on

task.Facebook wow cheap goldwill be your window to

communicate ideas about your art and the artists you represent. You will be promoting your work by creating an

outlet for your vision. Post images and best wow goldcomment

on them. Talk about your sources of inspiration. Strive to introduce others to new artistic trends. It will be

a challenge, but one you will be happy you undertook.
fdfd  - re: fdf     |58.144.17.xxx |2010-02-21 19:07:00
Facebook will be your window to communicate ideas about your art and the artists you represent.

wow power leveling You will be promoting your work by creating an

outlet for your vision. Post images and comment on them. Talk about your sources of inspiration.

wow power levelingStrive to introduce others to new

artistic trends. It will be a challenge, but one you will be happy you undertook.After a few short weeks of

regularly posting on Facebook you will be encouraged by fans (I bet you did not know you could have any),

wow gold ukcomments and good reviews. The artists you meet

will be happy with the additional exposure you offer them through your site and folks that otherwise would

have never found you will get to know your art and will become interested

cheapest wow goldin purchasing some of your featured

artwork.For now this computer-generated lifesaver will keep you afloat in the treacherous undercurrents of

today's art world. In the meantime,gold for wow try keeping

your gaze fixed on the horizon because the waters are bound to recede sometime soon.
nyi sis   |80.250.160.xxx |2010-02-23 04:43:38
အရှင်ဘုရားရဲ့ ဆုံးမစာများကို လာရောက် ဖတ်ရှုသွားပါတယ် ဘုရား။ အလွန်ပဲ အကျိုးရှိလှ ပါတယ်ဘုရား။ တပည့်တော်တို့က ဖတ်ဖတ်သွား ပေမယ့် စာရေးနည်းလို့ ဘာမှ တုန့်ပြန်မှုမပေးသွား ဖြစ်တာပါဘုရား။ တပည့်တော်တို့ရဲ့ တုန့်ပြန်သံတွေ က အရှင်ဘုရားကို အားရှိစေမယ်ဆိုရင် ရေးရေးသွားပါမယ် ဘုရား။
အရှင်ဘုရားလဲ မြန်မာပြည် ပြန်ကြွရင် စာတွေဒီထက်ပိုရေးနိုင်ပါစေ၊ သာသနာအကျိုးတိုးပြီး ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ဘုရား။
asdf  - sdf   |58.144.19.xxx |2010-05-26 03:28:15
In this wow power leveling instance, it is important to carry out any repairs or replacements

on wow power leveling brakes carefully with adequate time to best wow gold

complete the job with full attention. Rushing wow gold uk important repairs or doing an inadequate job can

cause further cheapest wow gold complications, which may be costly to put right. Much as the incentive of

saving gold for wow money appeals to the majority world of warcraft power

leveling
of people, the aspect of safety and world of warcraft power leveling the amount of money

it may cost if the wow power leveling work done is wrong far outweighs the initial cost saving.
asd  - asdf   |58.144.20.xxx |2010-07-20 20:41:10
For Sheet metal wow power leveling fabrication there are a number of factors like desired geometry, rate of

production and other wow power leveling requirements that have direct influence towards the fabrication

process. Metal fabrication wow power leveling process is quite advantageous. It is used by many

industries. Every sheet material world of warcraft power leveling fabrication process has to go through

three primary processes that include wow cheap gold cutting, forming and finishing. Forming is basically a

process or system which alters changes gold for wow the form of the metal sheet. Various types of processes

such as cold rolling, bending, annealing, drawing, mechanica world of warcraft power leveling working, forging, roll

forming, press forming and welding can be used cheap aion power leveling in the making the

forming process successful. A metal sheet is cut cheap aion power leveling after forming. By removing

some unwanted objects or materials the metal is cut.
asdf  - asdf   |58.144.19.xxx |2010-09-02 20:19:35
Sometimes conducted wow power leveling tours can become hectic and be the start of some illness, more so with the

change of climatic conditions wow power leveling in China. So, to avoid falling ill, ensure that you get

enough rest, wear clothes wow power leveling depending on the weather and drink plenty of

bottled water. If your tour aion kina is during the summer, make sure to wear sunglasses and a

hat, put on sunscreen buy wow gold lotion, frequently change your clothes, and drink even more water. The moment you feel an

illness coming on, seek gold in wow treatment. * Photography: Taking pictures is allowed in most places.

However, in some it is either wow gold eu prohibited (as in certain museums and archeological sites) or a fee

is charged. It is always recommended wow gold cheap you get permission before capturing images of the locals.

* Toilets: Public toilets are usually cheap aion power leveling not very clean, so carrying a

roll of toilet paper in your EVE ISK bag is a good idea. Public toilets charge an amount of RMB

5 for usage.

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
up
 
Back