User Rating: / 0
PoorBest 

မိမိအနေနဲ့ ခုလို သူများရေးတဲ့စာကို မိမိဆိုက်မှာ မတင်ပါဟု-ဆုံးဖြတ်ထားခဲ့ပါတယ်၊ ဒါပေမယ့် ခု ဒီရက်တွေအတွင်း ကိုယ်တိုင်စာမရေးနိုင်ခဲ့၊ ကျမ်းတင်ဘို့ကိစ္စ၊ စာအုပ်ချုပ်တဲ့ကိစ္စ၊ စူပါဗိုက်ဆာ၊ ဒါရိုက်တာတို့နဲ့ တွေ့ရ၊ ဆွေးနွေးနေရနဲ့၊ စာမရေးအားခဲ့၊ သို့သော်

စာကိုတော့ အများဆုံး ဖတ်ဖြစ်ခဲ့ ပါတယ်၊ ဖတ်ဖြစ်ခဲ့တဲ့ထဲက အတော်လေးသဘောကျလွန်းလို့၊ နောက်ပြီး မြန်မာပြည်က ကလေးတွေ ကို သိစေချင်လွန်းလို့၊ မှတ်သားကြစေချင်လွန်းလို့၊ ကလေးတွေလို့ ဆိုရသော်လည်း ကလေးတွေတင် မဟုတ်ပါ၊ လူကြီးတွေရော၊ ဖန်ဆင်းသူတွေရော အားလုံးအတွက်ပါ၊ တခြားမဟုတ်ပါဘူး၊ မိမိ ငယ်စဉ်က စိတ်ဝင်စားလှ ကြိုက်လွန်းလှခဲ့သလို ယနေ့ မြန်မာရုပ်ရှင် ဗွီဒီယိုတွေကို ကြိုက်နှစ်သက် ကြသူ မည်သူမဆို အတွက် ခု တင်ပေးလိုက်တာလေးကို ရည်ပါသည်၊ မြန်မာဇာတ်ကား မကြည့်သူတွေ အတွက်ကတော့ဖြင့် ကြားဘူးနားဝ၊ ဖတ်ဖူးကြ ရှိအောင်ပါ။

အထူးသဖြင့်ကတော့ ကလေးတွေအတွက် ပိုရည်ရွယ်ပါသည်၊ မိမိရေးသားချက် မဟုတ်ပါ၊ မျှဝေခံစား ချက်လေးတစ်ခုသာပါ၊ ခုချိန်မှာတော့ မိမိလည်း ဒီလိုမျိုးတွက် အချိန်ပေးရလောက်အောင် အချိန်မပေါတော့ပါ၊ ငယ်ရွယ်စဉ်က စိတ်ထားတို့သည်လည်း တဖြေးဖြေးနဲ့ ဝေးကွာသွားခဲ့ပါပြီ၊ မြန်မာဇာတ်ကားတွေကို ကြည့်နိုင်လောက်တဲ့ ခွန်အားလည်း မရှိတော့ပါ၊ အထူးသဖြင့် စိတ်ဝင်စားမှု ကင်းမဲ့ခြင်းကြောင့်ပါ၊ အင်း ပြောရရင် စိတ်ဝင်စားလောက်စရာတွေလည်း မိမိအတွက်တော့ မပါတော့ဟုလည်း ဆုံးဖြတ်မိတဲ့တွက်ရယ်ပါ၊ ကဲ ရှုကြည့်ကြပါဦး….

မြန်မာဗွီဒီယို ရုပ်ရှင်ကားများကြည့်ပြီး ရရှိသော ဗဟုသုတများ (၁၀၀)

၁။ မြန်မာလူမျိုးများသည် ခဏခဏ အတိတ်ကို ပြန်သတိရလေ့ရှိသူများဖြစ်ပြီး များသောအားဖြင့် အတိတ်ကို အဖြူအမည်းဖြင့်သာ သတိရလေ့ရှိသည်။

၂။ သီချင်းနားထောင်လေ့ရှိသူများဖြစ်ပြီး သီချင်းနားထောင်နေရင်း အတိတ်အကြောင်းများ ပြန်တွေးလေ့ ရှိသူများ ဖြစ်ကြသည်။ 

၃။ စားသောက်ဆိုင်တွင် စကားစမြည်ပြောမည်ဆိုပါက… အစာလုံးဝမစားရ။ (သိပ်စားချင်လျှင် အရည် တစ်ခုခု သို့မဟုတ် အနည်းငယ်မျှ စားခွင့်ရှိသည်။)

၎။ မိန်းကလေးများ ကားပျက်လျှင် အနီးအနားတွင် ကူညီပေးချင်သော ယောကျားလေးများ အဆင် သင့် အများအပြားရှိသည်။

၅။ ထိုယောကျားလေးများ အားလုံးသည် ကားပြင်တတ်သူများသာ ဖြစ်ကြသည်။

၆။ ထိုမိန်းကလေးသည် Hand Phone ရှိသော်လည်း များသောအားဖြင့် လမ်းသွားလမ်းလာများကိုသာ အကူညီတောင်းလေ့ရှိသည်။

၇။ Professional Graphic Designer တစ်ယောက်သည် Laptop ကိုသုံးပြီး အံသြလောက်ဖွယ် ကောင်းသော ဒီဇိုင်းများကို Microsoft Paint ဖြင့် ဖန်တီးလေ့ရှိသည်။

၈။ Instant Messenger/ Chat Client ဆိုသည်မှာ Pagemaker/ MS Word ကို ဆိုလိုခြင်း ဖြစ်သည်။

၉။ Computer ပညာရှင်များသည် စာရွက်များဖြင့်သာ အလုပ်ရှုပ်နေတတ်ကြပြီး ကွန်ပြူတာ သုံးလေ့ မရှိကြ။

၁၀။ သူခိုးများသည် အသံမကြားအောင် ခြေဖျားထောက်ပြီး လမ်းလျှောက်လေ့ရှိသည်။

၁၁။ ဆင်းရဲသူများ ရန်အလွန်ဖြစ်ကြသည်။

၁၂။ ရုပ်ဆိုးသူများသည် လူဆိုးလူမိုက်များ ဖြစ်ကြသည်။

၁၃။ လူမိုက်များသည် ဘောင်းဘီသာဝတ်ကြပြီး ပုဆိုးဝတ်လေ့မရှိကြ။

၁၄။ လူဆိုးခေါင်းဆောင်အများစုသည် ကုတ်အကျီ င်္ (သို့) Leather Jacket ၀တ်လေ့ရှိပြီး တစ်ခါတစ်ရံ ဦးထုပ်ဆောင်းတတ်ကြသည်။

၁၅။ လူဆိုးများသည် ခြံကျယ်ကြီးများ၊ တိုက်ပျက်ကြီးများတွင် စခန်းချလေ့ရှိသည်။

၁၆။ ထောင်မှထွက်လာသူများသည် ကောင်းမွန်စွာလုပ်ကိုင်စားသောက်လေ့မရှိဘဲ လူဆိုးများဖြင့်သာ ပြန်လည်ပေါင်းသင်းပြီး ဆက်လက်ဆိုးသွမ်းကြသည်။

၁၇။ Snooker ကစားသူ အများစုသည် အကျင့်ပျက် လူပွေများသာ ဖြစ်လေ့ရှိသည်။

၁၈။ မြန်မာလူမျိုးများသည် ရေကူးကန်နားသို့ရောက်လျှင် မည်သူ့ကိုမဆို ရေထဲသို့ တွန်းချလေ့ရှိသည်။

၁၉။ စီးပွားရေးသမား အများစုသည် အနောက်တိုင်းဝတ်စုံကို ၀တ်စုံပြည့်ဝတ်ဆင်သွားလာလေ့ ရှိကြ သည်။

၂၀။ ထိုလူအများစုသည် အနက်ရောင် လက်ဆွဲသေတ္တာများ ကိုင်ဆောင်လေ့ရှိကြသည်။

၂၁။ ဖန်ခွက်ကျကွဲလျှင် ထိုသူနှင့်ပတ်သက်သူ တစ်စုံတစ်ယောက်မှာ သေဘေး (သို့မဟုတ်) အန္တရာယ် နှင့် ကြုံနေရသည်မှာ အသေအချာပင်။

၂၂။ သေခါနီး လူမမာများသည် စကားအလွန်များသောသူများ ဖြစ်ကြသည်။

၂၃။ သူတို့စကားပြောလို့ မပြီးမချင်း သေလေ့မရှိကြ။

၂၄။ ကျေးရွာတိုင်းတွင် ထန်းတောရှိတတ်ပြီး အဆိုပါထန်းတောတွင် အချိန်ပြည့် မူးရူးနေသူများဖြင့် ပြည့်နေသော ထန်းရည်ဆိုင်ရှိသည်။

၂၅။ တက္ကသိုလ်ကျောင်းသားဘ၀သည် ကင်တင်းတွင် တစ်နေကုန်ထိုင်ပြီး ရီစရာဟာသများ ပြောကာ ကောင်မလေးများကို ထိုင်ငမ်းနေသော နေ့ရက်များဖြစ်သည်။

၂၆။ တက္ကသိုလ်ကျောင်းသားဆိုသည်မှာ Myanmar Info Tech (ICT Park)နှင့် အင်းလျားကန် ဘောင်ကို ဆိုလိုခြင်း ဖြစ်သည်။

၂၇။ စာသင်ခန်းထဲတွင် စိတ်ကြိုက်စကားပြောခွင့်ရှိသည်။

၂၈။ ကျောင်းသူ မိန်းကလေးအများစုသည် အသံစွာကျယ် စွာကျယ် စကားပြောလေ့ရှိပြီး ကင်တင်း တွင် ဟီးဟီးဟားဟား လုပ်လေ့ရှိသူများ ဖြစ်ကြသည်။

၂၉။ ထိုမိန်းကလေးများသည် ဆိုင်ထဲသို့ ယောကျာ်းလေးတစ်ယောက်လာလျှင် ၀ိုင်းစတတ်ကြသည်။

၃၀။ အစခံရသော ယောကျာ်းးလေးတိုင်း ရှက်ပြီး အမှားမှား အယွင်းယွင်းများ လုပ်လေ့ရှိသည်။

၃၁။ အသက်မည်မျှပင် ကြီးစေကာမူ အထက်တန်းကျောင်း တက်လေ့ရှိကြသည်။

၃၂။ လူငယ်ယောကျာ်းလေး မိန်းကလေးများသည် သုံးယောက် လေးယောက် အဖွဲ့လိုက်သာ ပေါင်း သင်းလေ့ ရှိကြသည်။ တစ်ယောက်တည်း နေလေ့သိပ်မရှိ။ 

၃၃။ ယောကျာ်းလေးအဖွဲ့မှ တစ်ယောက်ယောက်နှင့် မိန်းကလေးအဖွဲ့မှ တစ်ယောက်ယောက် ချစ်သူ ရည်းစားဖြစ်သွားလျှင် ယောကျာ်းလေးများသည် ထိုမိန်းကလေးအဖွဲ့မှ အခြားသောမိန်းကလေးများနှင့် ရည်းစားဖြစ်လေ့ရှိသည်။

၃၄။ သမီးရည်းစားများသည် သီချင်းဖွင့်ထားသော ပန်းခြံထဲတွင် ပြေးလွှားနေကြလေ့ ရှိသည်။

၃၅။ မိန်းကလေးများ အော့အန်ပါက ကိုယ်ဝန်ရှိပြီ ဖြစ်သည်။

၃၆။ ကိုယ်ဝန်ရှိသောမိန်းကလေး ချော်လဲလျှင် ကိုယ်ဝန်ပျက်ကျဘို့ ၉၀% သေချာသည်။

၃၇။ မွေးလာသောကလေးမှာ ယောကျာ်းလေးဖြစ်လျှင် လင်ယောကျာ်းမှာ အလွန်ပျော်ရွှင်လေ့ရှိသည်။

၃၈။ မြန်မာမိန်းကလေးများသည် စိတ်ဆိုးလျှင် ပါးရိုက်လေ့ရှိကြသည်။

၃၉။ အသည်းကွဲသူများသည် အလွမ်းသီချင်းများ နားထောင်ပြီး ငိုကြွေးလေ့ရှိကြသည်။

၄၀။ မိန်းကလေးတစ်ယောက်နှင့် ရန်ဖြစ်ပါက အဆိုပါမိန်းကလေးနှင့် ရည်းစားဖြစ်တတ်သည်။

၄၁။ မိန်းကလေးတစ်ယောက်သည် ယောကျားလေးတစ်ယောက်အား မကျေနပ်၍ လက်စားချေလို လျှင် သမီးရည်းစားအဖြစ် တွဲလေ့ရှိသည်။

၄၂။ အရက်မူးလာလျှင် အာလေးလျှာလေးဖြင့် စကားပြောတတ်ပြီး… ပြောသမျှစကား အများစုမှာ ရန်စကားများသာ ဖြစ်ကြသည်။

၄၃။ မူးရူးပြီး အိမ်ပြန်လာလျှင် အိမ်ရှိကောင်မလေးများအား မတရားပြုကျင့်တတ်ကြသည်၊ ထိုအချိန် တွင် စားပွဲပေါ်မှ ပန်းအိုးလဲသွားခြင်း၊ ကျကွဲခြင်း၊ ပန်းပွင့်ကြွေခြင်းများ ဖြစ်တတ်သည်။

၄၅။ အခန်းတစ်ခန်းအတွင်းမှ ထွက်လာပြီး ပုဆိုးပြင်ဝတ်လျှင် မုဒိန်းကောင် ဖြစ်သည်။ (မူးနေသူဖြစ်ပြီး မျက်နှာတွင် အဆီပြန်နေပါက ၁၀၀% သေချာသည်။)

၄၆။ မတရားပြုကျင့်ခံရသူတိုင်း ကိုယ်ဝန်ရှိလာကြသည်။

၄၇။ သူတို့သည် အများအားဖြင့် တရားစွဲလေ့မရှိကြ။

၄၈။ ကိုယ်ဝန်ဖျက်ချလေ့လည်း မရှိသည့်ပြင် ကလေးကို တောရွာတစ်ခုခုသို့သွားပြီး ခက်ခဲဆင်းရဲစွာ မွေးလေ့ရှိသည်။

၄၉။ အိမ်များတွင် ချောမေလှပသော အိမ်ဖော်ကောင်မလေးများ ရှိတတ်သည်။

၅၀။ ထိုအိမ်ဖော်ကောင်မလေးများသည် အိမ်ရှင်၏သားများနှင့် ငြိစွန်းသွားတတ်ကြသည်။

၅၁။ ရုပ်ဆိုးသောအိမ်ဖော်အား မည်သူမျှ မတရားပြုကျင်ခြင်းမရှိ။

၅၂။ ခေတ်လူငယ်အများစုသည် Shopping Mall များ Snack Shop များတွင် တစ်ချိန်လုံး အချိန်ဖြုန်း နေတတ်ကြသည်။

၅၃။ အဆိုပါဆိုင်များတွင် တွေ့သမျှကောင်မလေးများအား မျက်စပစ်ပြခြင်း စသည်စသည်များ စိတ် ကြိုက်လုပ်ခွင့်ရှိသည်။

၅၄။ မိန်းကလေးများ အဖွဲ့လိုက် ခရီးထွက်ပါက ယောကျားလေး အဖွဲ့တစ်ဖွဲ့နှင့် လမ်းခရီးမှာ ကြုံတွေ့ လေ့ရှိပြီး ချစ်သူရည်းစား ဖြစ်သွားလေ့ရှိသည်။ 

၅၅။ ယောကျာ်းလေး မိန်းကလေးအဖွဲ့များတွင် အချောဆုံးတစ်ယောက်မှလွဲပြီး ကျန်သောသူငယ်ချင်း များမှာ တစ်ချိန်လုံး ဟာသလုပ်ပြီး ရီစရာများ ပြောနေတတ်ကြသည်။

၅၆။ ခေတ်လူငယ်အများစုမှာ မိဘတစ်ဦး (သို့မဟုတ်) နှစ်ဦးစလုံးမရှိတတ်ကြ။ ဦးလေး အဒေါ်များ သူငယ်ချင်းများဖြင့်သာ နေလေ့ရှိကြသည်။

၅၇။ စတိုးဆိုင်ရှိ အရောင်းစာရေးမများအား စိတ်ကြိုက်ရည်းစားစကား ပြောခွင့်ရှိသည်။

၅၈။ (အရောင်းတာဝန်ခံ/ မန်နေဂျာ/ Security) မည်သူကမျှ မတားဆီးကြ၊ အနှောင့်အယှက်ပေးလေ့ မရှိကြ။

၅၉။ မည်သူမဆို တက်စီငှါးစီးလျှင် မည်သည့်အခါမှ ဈေးမဆစ်ကြ။

၆၀။ အသက်လေးဆယ်ကျော် မိန်းမကြီး ၉၀% ခန့်မှာ အတင်းပြောတတ်သူများ ဖြစ်ကြသည်။

၆၁။ ရှုပ်ပွေသော မိန်းမများသည် အချိန်ပြည့် ဖဲရိုက်နေလေ့ရှိသည်။

၆၂။ အိမ်တစ်အိမ်တွင် အဖိုးအဖွားများသည် သြဇာအရှိဆုံးလူများ ဖြစ်ကြသည်။

၆၃။ ညအချိန်မတော် လမ်းပေါ်တွင် သီချင်းအကျယ်ကြီးဆိုပြီး ဂစ်တာတီးနေသူများကို တစ်ရပ်ကွက် လုံးက သည်းည်းခံကြသည်။

၆၄။ ဂစ်တာတစ်လုံးထဲဖြင့် Drum/ Keyboard အသံများထွက်အောင် တီးတတ်ကြသည်။

၆၅။ ကောင်မလေးများသည် အဖော်မပါဘဲ ညအချိန်မတော် လူပြတ်သောလမ်းများတွင် သွားလာ လေ့ရှိသည်။

၆၆။ ထိုလမ်းများတွင် အဖော်မပါသော ကောင်မလေးအား ဆွဲလားရမ်းလားလုပ်ဖို့ အရက်မူးနေသော လူရမ်းကားများ လူဆိုးများ စောင့်နေတတ်သည်။

၆၇။ ထိုမိန်းကလေးများသည် အများအားဖြင့် အော်ဟစ်အကူညီ တောင်းလေ့မရှိကြ။

၆၈။ ယောကျာ်းလေးများသည် တစ်ယောက်တည်းပင်ဖြစ်စေကာမူ နှစ်ယောက် သုံးယောက်မကသော လူဆိုး/လူမိုက်များနှင့် ရန်ဖြစ်လေ့ရှိသည်။ ရန်ဖြစ်သည့်အခါများတွင် တိုက်ဆိုင်စွာ ဘောင်းဘီရှည်သာ ၀တ်ထားလေ့ရှိသည်။

၆၉။ ရန်ဖြစ်သည့်အချိန်တွင် လဲကျသွားပါက ရှုံးပြီဖြစ်သည်။

၇၀။ အလွန်ချောမောလှပသော ကောင်မလေးများတွင် ခပ်ပေါပေါ ခက်ချောချော အစ်ကိုတစ်ယောက် ရှိနေတတ်သည်။

၇၁။ ထိုမိန်းကလေး၏ အဖေသည် သူ၏သားမက်လောင်းအား မည်သည့်အခါမျှ မျက်နှာကျော မ တည့်။

၇၂။ နယ်မှ တစ်ယောက်တည်းလာနေသော မိန်းကလေးများသည် သိန်းချီပေးရသော အခန်းများ ငှါးနေတတ်ကြပြီး ဘတ်စကားဖြင့် သွားလေ့ရှိသည်။

၇၃။ ဆင်းရဲသား အလုပ်သမားများသည် စုတ်ချာသော (တစ်ခါတစ်ရံ) စုတ်ပြဲနေသော အ၀တ်အစား များသာ အမြဲလို ၀တ်ဆင်ကြသည်။

၇၄။ ချမ်းသာသူတို့၏ သားသမီးများသည် ဘွဲ့ရပြီးသည်အထိ အလုပ်လုပ်လေ့ မရှိကြ။

၇၅။ အသည်းကွဲသူများသည် မီးရထားလမ်းဘေးတွင် လမ်းလျှောက်နေလေ့ရှိသည်။

၇၆။ ပိုက်ဆံချမ်းသာသောလုပ်ငန်းရှင် သူဌေးများသည် ဆင်းရဲပြီး ချောမောလှပသော ကောင်မလေး အား လက်ထပ်ခွင့်ရရန် ယောက္ခမလောင်းများအား ငွေဖြင့် သိမ်းသွင်းတတ်သည်။

၇၇။ အဖြူရောင်ကုတ်အကျီရှည်ဝတ်ထားပြီး နားကျပ်လည်ပင်းတပ်ထားသူတိုင်း ဆရာဝန်များ ဖြစ်ကြ သည်။ (သို့မဟုတ်) ဆရာဝန်တိုင်း ဂျူတီကုတ်ဝတ်ပြီး နားကျပ်လည်ပင်း ဆွဲထားတတ်ကြသည်။

၇၈။ ခွဲစိတ်ကုသုမှု မအောင်မြင်လျှင် ခွဲစိတ်ဆရာဝန်ကြီးသည် ခွဲခန်းအတွင်းမှ ခေါင်းယမ်း၍ (သို့မဟုတ်) မျက်နှာပျက်၍ ထွက်လာတတ်သည်။

၇၉။ မင်းသား (သို့မဟုတ်) မင်းသမီး၏ အမေများတွင် နှလုံးရောဂါ (သို့မဟုတ်) သွေးတိုးရောဂါများ ရှိတတ်ကြသည်။

၈၀။ တယ်လီဖုန်းမှ သတင်းဆိုးကြားရလျှင် တယ်လီဖုန်းပြောနေရင်းမှ မူးမေ့လဲသွားတတ်သည်။

၈၁။ အလွန်တော်သော မိန်းမများသည် အသုံးမကျသော (သို့မဟုတ်) အလွန်မာနကြီးသော ယောကျာ်းများကို ကြိုက်နှစ်တတ်ကြသည်။

၈၂။ အလွန်ထက်မြက်သော မိန်းမများ၏ အိမ်ထောင်ရေးသည် အဆင်မပြေ။

၈၃။ လူငယ်များ၏နာမည် အများစုမှာ ခေါ်ရခက်သော အမြင်ကတ်ဖွယ်နာမည်များ ဖြစ်လေ့ရှိသည်။

၈၄။ တစ်ခါတစ်ရံ မည်သို့မျှ တွေးတောယူဖွယ်မရလောက်သော နာမည်မျိုးရှိတတ်သည်။

၈၅။ ထိုအမြင်ကတ်ဖွယ် နာမည်ဆိုးကို မည်သူကမျှ စခြင်း နောက်ခြင်း ပြောင်လှောင်ခြင်း မပြုကြ။

၈၆။ ယောကျားနောက် ခိုးရာလိုက်ပြေးသော မိန်းကလေးများသည် မိဘများအား ခိုးရာလိုက်သွားပြီ ဖြစ်ကြောင်း… လိုက်မရှာရန်နှင့် ခွင့်လွတ်စေချင်ကြောင်း… အစရှိသဖြင့် စာရေးထားတတ်ကြပြီး… အိပ်ယာပေါ် (သို့မဟုတ်) အိပ်ရာဘေးက စားပွဲပေါ်တင်ထားလေ့ရှိကြသည်။

၈၇။ ထိုစာ အများစုတွင် သမီးမိုက်ဆိုသော စာသားများ ပါလေ့ရှိသည်။

၈၈။ ယောကျာ်းလေး အများစုကတော့ မိဘကို မိန်းမခိုးမည့်ကိစ္စနှင့်ပတ်သက်ပြီး လုံးဝအသိ ပေးလေ့မရှိ။

၈၉။ နှဲသံကြားပါက (နာတာရှည်) မမာမကျန်းဖြစ်နေသူများ သေတတ်သည်။

၉၀။ ယောကျာ်းလေးများ၏အခန်းသည် လူမနေသည့်အခန်းကဲ့သို့ အစဉ်အမြဲ ရှင်းလင်းနေတတ်ပြီး သန့်ရှင်းနေလေ့ရှိသည်။

၉၁။ အိမ်ဖော်မိန်းမများ၊ ခြံစောင့်များသည် အိမ်ရှင်၏သမီးအား မမလေး-ဟုသာ ခေါ်လေ့ရှိသည်။

၉၂။ အခုနောက်ပိုင်းတွင် ပေါ့ပေါ့ပါးပါး စကားများကိုပင် လေးနက်အောင် တမင်ကြိုးစားဖျစ်ညစ် ပြောတတ်သော အကျင့်များ ရှိလာကြသည်။

၉၃။ လူကြားထဲတွင် အိနြေ္ဒပျက်လောက်အောင် တစ်ကိုယ်လုံးနှင့် လက်များ ရမ်းခါလှုပ်ပြီး စကား ပြောတတ်သူများကို… မထူးခြားသယောင် ဆက်ဆံပြောဆိုတတ်ကြသည်။

၉၄။ လူငယ်များသည် ပူအိုက်သောရာသီမှာပင် အနွေးထည်များ ၀တ်ဆင်ကြလေ့ရှိသည်။

၉၅။ ကျောင်းသား/ကျောင်းသူ အများစုမှာ စာကြိုးစားသည်ကို မတွေ့ရ။

၉၆။ ဖယောင်းတိုင်များ ထွန်းထားလျှင် အလွန်ပင် ရိုမန်တစ်ဖြစ်သည်။

၉၇။ သင်္ကြန်လည်ရာတွင် မည်သူမျှ အရက်မသောက်ကြ။

၉၈။ နိုင်ငံခြားသွားပြီး ပညာသင်ပါက မြန်မာပြည်တွင် အလွန်အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် (သို့မဟုတ်) ပညာရှင်အဖြစ် ရပ်တည်နိုင်သည်။

၉၉။ ယောကျာ်းဖြစ်ပြီး နှုတ်ခမ်းမွှေးမရှိရင် အတုတပ်ထားတတ်ကြသည်။

၁၀၀။ မြန်မာလူမျိုးများသည် မည်မျှပင် ဒေါသထွက်စေကာမူ ဆဲဆိုခြင်း မပြုကြ။

စုစည်းတင်ပြသူ- ကယ်လ်ဗင်

မိမိစာမဟုတ်၊ သူ့စာဖြစ်ပါသည်၊ အတုယူမလား၊ သင်္ခန်းစာယူမလား၊ ရယ်စရာအဖြစ်သတ်မှတ်မလား ဆိုတာကတော့ စာဖတ်သူရဲ့ အရည်အချင်း အဆင့်အတန်းနှင့်သာ ဆိုင်ပါသည်၊ မိမိကတော့ ကြိုက်နှစ်သက်လွန်းလို့ ပြန်လည်တစ်ဆင့် ခံစားကြစေဘို့ တင်ပြလိုက်ခြင်းသာဖြစ်ပါသည်။ အပြစ်ပြောစရာလည်း မရှိပါ၊ ခံစားသူသာ အတုယူစရာတွေလား၊ လိုက်နာစရာတွေလား၊ ရှောင်ကြဉ်ဘို့ရန်လား၊ လား လား လားဆိုတဲ့ မေးခွန်းတွေကိုဖြင့် ကိုယ်တိုင် ဖြေကြယုံသာပလေ…ကိုယ့်နိုင်ငံကိုချစ်ပါသည်၊ ကိုယ့်လူမျိုးကို ချစ်ပါသည်၊ ကိုယ့်အနုပညာကိုဖြင့် အသက်ရှင်နေသမျှကာလပတ်လုံး မြတ်နိုးနေဦးမှာပါ….

အရှင်သာဓိန (22. 02. 2010)

 

ရေးသားမှုများ
ရေးရန်
+/-
ရေးသားမှုများ
အမည်:
အီးမေးလ်:
 
ဆိုဒ်အမည်:
ခေါင်းစဉ်:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
ရုပ်ပုံလေးထဲက မြင်ရတဲ့စာလုံးလေးတွေကို ထည့်ပေးပါ။
ု့khinmyathtun   |203.81.166.xxx |2010-08-09 05:23:44
ဘ၀ဆိုတဲ့ ကြိုးဝိုင်ကြီးထဲ့မှာ ဒုက္ခတွေကို ဇွဲလုံးနဲ့
အလဲ့ထိုးနှိင်ပါစေ သူငယ်ချင်တိုရယ်



ခါးသီလှတဲ့ ဒုက္ခတွေရဲ့ကြားမှာ ချိုးမြိုင်းလှတဲ့ သုခတွေရှိပါတယ် သူငယ်ချင်တရယ်










Quote:
Quote:
Quote:
Quote:
ု့khinmyathtun  - re:     |203.81.166.xxx |2010-08-09 05:25:26
ု့khinmyathtun wrote:
ဘ၀ဆိုတဲ့ ကြိုးဝိုင်ကြီးထဲ့မှာ ဒုက္ခတွေကို ဇွဲလုံးနဲ့
အလဲ့ထိုးနှိင်ပါစေ သူငယ်ချင်တိုရယ်



ခါးသီလှတဲ့ ဒုက္ခတွေရဲ့ကြားမှာ ချိုးမြိုင်းလှတဲ့ သုခတွေရှိပါတယ် သူငယ်ချင်တရယ်










Quote:
Quote:
Quote:
Quote:
Quote:

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
up
 
Back